ခရစ္စမတ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ယေရှုခရစ်တော်ဖွားမြင်ရာ မွေးနေ့တော်ပွဲကိုရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ယေရှုခရစ်တော်ဖွားမြင်ရာ နေ့ရက်အချိန်နာရီကို သမ္မာကျမ်းစာအတွင်း တိကျစွာမှတ်တမ်းတင်ဖေါ်ပြထားခြင်းမရှိသော်လည်း ဖြစ်နိုင်သည့် အချိန်အခါသမယကို တွက်ချက်လျက် Gregorian Calendar အရ ဒီဇင်ဘာလ ၂၅ ရက်နေ့အဖြစ် သတ်မှတ်ကျင်းပကြပါသည်။ အဓိကမှာ ဖွားမြင်ချိန်ပေါ်ပေါက်သည့် နိမိတ်လက္ခဏာများဖြစ်သော ကောင်းကင်တမန်များ ယူဆောင်ကြွေးကြော်ကြသည့် ကမ္ဘာကြီးငြိမ်းချမ်းသာယာရေးအတွက် ငြိမ်းချမ်ရေးအရှင်ယေရှုသခင်ဖွားမြင်လာခြင်း၊ ရှေးပရော ဖက်ကြီးများ ကြိုတင်ပြောကြားခဲ့ကြသည့်အတိုင်း သူငယ်တော်အဖြစ် နွားစားခွက်အတွင်းနှိမ့်ချစွာ အပျိုကညာတစ်ဦးအားဖြင့် ဖွားမြင်လာခြင်း၊ ထူးဆန်းသောကြယ်တစ်လုံးပေါ်ထွန်းခြင်းနှင့်အတူ ထိုကြယ်ကြီး၏ လမ်းပြမှုဖြင့် အရှေ့တိုင်းမှ မာဂုပညာရှိများရောက်ရှိလာလျက် အဖိုးတန်ရတနာများနှင့် အမွှေးအကြိုင်တို့ဖြင့် ပူဇော်ကြခြင်း၊ ဖွားမြင်ခြင်း သတင်းကောင်းကို နန်းတော်ထဲမှမင်းစိုးရာဇာတို့ထက်၊ ဆင်းရဲသား သိုးထိန်းတို့က ကောင်းကင်တမန်တို့၏သတင်းပေးချက်ဖြင့် အရင်ဦးစွာ သိရှိလျက် လာရောက်ဖူးမျှော်ခွင့်ရကြခြင်းစသည်တို့သည့် ခရစ္စမတ်၏ ထူးခြားချက်ဝိသေသလက္ခဏာများဖြစ်လာကြသည်။ ထို့ပြင် ယေရှုခရစ်တော်သည် လူသားတို့၏ကယ်တင်းခြင်း အကျိုးချမ်းသာအတွက် ဘုရားသခင်ပေးသည့် လက်ဆောင်မွန်အဖြစ် နားလည်ယုံကြည်ကြသည်ဖြစ်ရာ၊ ခရစ္စမတ်အချိန်သည်တစ်ဦးနှင့်တစ်ဦးသီချင်းသံများဖြင့်လည်းကောင်း၊ လက်ဆောင်မွန်တို့ဖြင့်လည်းကောင်း ဘုရား၏မေတ္တာကို တုန့်ပြန်ဖေါ်ပြသည့်အနေနှင့် အပြန်အလှန်မျှဝေဖလှယ်ကြသည်။ ငြိမ်းချမ်းရေးအရှင် ဖွားမြင်ရာ အခါသမယ၏ အနှစ်သာရကိုဖေါ်ပြသည့် စစ်ရပ်စဲခြင်း၊ ပေးကမ်းလှူဒါန်းခြင်း စသည်တို့ဖြင့် ဆင်ယင်ကျင်းပကြပါသည်။