ခန္ဓာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အစု။ အစုအပုံ။ တရားအစု။ (ပခုံး။ ပင်စည်။) (mass, heap, aggregates (of beings))

သုံးစွဲပုံ[ပြင်​ဆင်​ရန်​]

လူဆိုတာ ခန္ဓာငါးပါး အစုအဝေးပါ။

ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

မိမိတို့ မြင်တွေ့နေရသော ခန္ဓာကိုယ်တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော စသော ရုပ် ၂၈ မျိုး ရှိသည်။ ထို ရုပ် ၂၈ မျိုး ပေါင်းစု၍ တည်ရှိသော အစုအပေါင်းကို ရုပ်ခန္ဓာဟု ခေါ်ဆိုသည်။ ထို့အပြင် ဗုဒ္ဓဘာသာအတွင်းရှိ တရားဒေသနာများကို ပေါင်းစု၍ ဓမ္မခန္ဓာဟု ခေါ်ဆိုခြင်းလည်း ရှိသည်။