ကံကောင်းတယ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အရပ်ထဲတွင် ပြောရိုးဆိုစဉ် ရှိသည်မှာ ထီပေါက်ခြင်း၊ မထင်မှတ်ပဲ ရာထူးတစ်ခုခုကို ရရှိခြင်း၊ မျှော်လင့်မထားပဲ စာမေးပွဲအောင်ခြင်း စသည်တို့ကို ကံကောင်းသည်ဟု ဆိုကြသည်။ ဗုဒ္ဓဘာသာ၏ အယူအဆတွင်မူ ရှေးက ကောင်းသော ကုသိုလ်ကောင်းမှုကို ပြုခဲ့ဖူးသဖြင့် ယခုမျက်မှောက်၌ ထိုကုသိုလ်ကောင်းမှု၏ အကျိုးကျေးဇူးကို ပြန်လည် ခံယူရရှိခြင်းကို ကံကောင်းသည်ဟု ဆိုလိုခြင်း ဖြစ်သည်။