ကိုးနဝင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

နဝ၊ နဝမ ဆိုသည်မှာ ပါဠိစကားတွင် ကိုးဂဏန်းကို ရည်ညွှန်းသည်။ ဤတွင် “နဝ” ကို နဝင်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ၉ ဂဏန်းတွင် အစွမ်းသတ္တိများ ရှိသည်ဟု လောကီဆရာ (ဗေဒင်ဆရာ) စသည်များက ယုံကြည်ကြပြီး ဗုဒ္ဓ၏ ဂုဏ်တော် ၉ ပါးကို ပုတီးစိပ်ခြင်း၊ အင်းဆွဲခြင်း စသည်များ၌ အသုံးပြုကြသည်။ ထိုသို့ ပြုလုပ်ကြသည်ကို ကိုးနဝင်းဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။