ကယ်တင်ရှင်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကယ်တင်ရှင်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဘုရားသခင်သည် ကယ်တင်လွတ်မြောက်စေခြင်းတန်ခိုးဖြစ်၍ ထိုတန် ခိုးသည် လူတို့၏မူလကယ်တင်ခြင်းအကြောင်းတရားအရင်းအမြစ်ဖြစ်ပါသည်။ လူသားတို့သည်ပုဂ္ဂိုလ် (persons) များဖြစ်ကြသဖြင့် ထိုကယ် တင်ခြင်းတန်ခိုးအား မိမိတို့၏ဘဝအတွေ့အကြုံထဲမှ ကိုယ်တွေ့ ရရှိကြ သည်ဖြစ်ရာ၊ ပုဂ္ဂိုလ်သဘောဆောင်သောအထိအတွေ့ ပုဂ္ဂိုလ်ရေးအတွေ့ အကြုံမျိုးကိုခံစားကြရသည်။ ထိုကယ်တင်ခြင်းတန်ခိုးအား ပုဂ္ဂိုလ်ရေး အသွင် (personal) ဖြင့်ထိတွေ့ခံစားရခြင်းဖြစ်သောကြောင့် ထိုတန်ခိုး အား မိမိတို့၏ကိုယ်တွေ့ဘဝနှင့်ယှဉ်လျက် ပုဂ္ဂိုလ်သဘောဖြင့်ဖေါ်ပြ လာကြခြင်းဖြစ်သည်။ ထို့ကြောင့်ကယ်တင်ခြင်းတန်ခိုးဖြစ်တော်မူသော “ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်တော်မူ၏” (Yahweh is salvation) ဟု ဓမ္မဟောင်းကျမ်း၌သုံးနှုံးထားခြင်းဖြစ်သည်။ စင်စစ် အားဖြင့် ဘုရားသခင်သည် လူတို့ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် မဟုတ် (God is not a person in human term)။ သို့သော် ပုဂ္ဂိုလ် ဖြစ်ကြသောလူတို့အနေနှင့် ထိုကယ်တင်ခြင်းတန်ခိုးအားပုဂ္ဂိုလ်သဘော ဆောင်သောထိတွေ့မှုမျိုးဖြင့်သာခံစားထိတွေ့နိုင်ကြခြင်းကြောင့်၊ ကယ် တင်ရှင်ဟူသောအသုံးအနှုံးသည် ထိုတန်ခိုးအား ပုဂ္ဂိုလ်ရေးထိတွေ့ ခံစားမှုသဘောပါသော ဆက်ဆံရေးအခြေခံဝေါဟာရ (relational term) ဖြစ်သည်။ ဘုရားသခင်အား ပုဂ္ဂလဓိဌာန်ကျသော၊ ပညတ်သဘောဆောင်လျက်ဖေါ်ပြသောဝေါဟာရမဟုတ်ပါ။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဘုရားသခင်အားကယ်တင်ရှင်အဖြစ်ခံယူဖေါ်ပြခဲ့ကြရာမှ ခရစ်ယာန်တို့ အနေနှင့် ယေရှုခရစ်တော်အားလည်း ကယ်တင်ရှင်အဖြစ်ဖေါ်ပြလာကြ ခြင်းကိုဆက်လက်နားလည်ရန်လိုအပ်လာပါသည်။ ဤနေရာတွင် အထက်ဖေါ်ပြပါ “ကယ်တင်ခြင်း”အပေါ်နားလည်ပုံကိုပြန်လည်သတိ ရရန်လိုပါသည်။ ဘုရားသခင်သည် ကယ်တင်လွတ်မြောက်စေခြင်း တန်ခိုးဖြစ်၍ ထိုတန်ခိုးသည် လူတို့၏မူလကယ်တင်ခြင်းအကြောင်း တရား အရင်းအမြစ်ဖြစ်ပါသည်။ ထိုကယ်တင်လွတ်မြောက်စေခြင်း တန်ခိုးနှင့်အကြောင်းတရားသည် လူတို့၏စိတ်အတွင်း၊ လူ့ သမိုင်း အတွင်း အစဉ်လှုပ်ရှားနေသည်ကိုလူသားတို့အစဉ်တွေ့ကြုံခံစားနေကြ ရပါသည်။ ထိုသို့သောအတွေ့အကြုံမျိုးကို ယေရှု၏ဘဝအသက်တာ ထဲ၌ ယုံကြည်ခြင်းအားဖြင့်အပြည့်အဝရရှိခံစားခဲ့ကြရသည့်အလျောက်၊ ခရစ်ယာန်တို့အနေနှင့် ယေရှုအား ကယ်တင်ရှင်အဖြစ်ဝန်ခံယုံကြည်လာ ကြသည်။ ဆိုလိုသည်မှာ ယေရှုသည် ဘုရားသခင်၏ကယ်တင်သော မေတ္တာတော်၏ လူ့ဘဝအတွင်းအပြည့်အဝပေါ်လွင်ထင်ရှားရာဖြစ် ကြောင်း မိမိ၏အသက်တာပြောင်းလဲမှုအတွေ့အကြုံအရ ယုံကြည်ဝန်ခံ ကြခြင်းဖြစ်သည်။ ထို့ကြောင့် ယေရှုသည်ကယ်တင်ရှင်ဖြစ်သည်ဟူ သောဝန်ခံမှုသည် ယေရှု၏အဆုံးအမလမ်းညွှန်မှုနှင့်အညီလက်တွေ့ ကျင်ကြံအားထုတ်လိုက်လျှောက်အသက်ရှင်ရာမှရှိလာသော ကိုယ်တွေ့ ဘဝပြောင်းလဲခြင်းအတွေ့အကြုံနှင့်ယှဉ်မှသာ အနှစ်သာရရှိနိုင်မည်ဖြစ် ပြီး၊ ဘာသာရေးယုံချက်တစ်ခုအနေမျှလောက်နှင့်သာဆိုလျှင် အဆံမရှိ သောသင်္ကြန်အမြှောက်သာဖြစ်ပါမည်။