ကယ်တင်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကယ်တင်ခြင်း[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်စကား (Salvation) ကိုကယ်တင်ခြင်းအဖြစ်သုံနှုံးခြင်း ဖြစ် သည်။ မူရင်းဂရိစကားလုံး (Soteria) ၏ ဆိုလိုရင်းမှာ (to heal) ဖြစ်ပြီး၊ ရောဂါဖိစီးမှုမှ ကျန်းမာလာခြင်း၊ ကုသပျောက်ကင်းခြင်း အခြေအနေမျိုးကိုရည်ညွှန်းအသုံးပြုခြင်းဖြစ်သည်။ ခရစ်ယာန် ဖြစ်ခြင်း၏အမြင့် ဆုံးရည်မှန်းချက်၊ မြော်လင့်ချက်ဖြစ်သည်။ လက်ရှိပစ္စုပ္ပာန်၌ရော၊ တမလွန်နှင့်အနာဂတ်၌ပါ ဘုရားသခင် နှင့် ယေရှုခရစ်တော်အပေါ် ယုံကြည်ခြင်းအားဖြင့်ခံစားရမည့် အခြေအနေ၊ အသက်ရှင်မှုအရည် အသွေးတစ်ရပ် အဖြစ်နားလည်သုံးနှုံးပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

လက်ရှိဘဝအတွင်း တွေ့ကြုံခံစားနေရသော ဒုက္ခဆင်းရဲခြင်း၊ ရောဂါ ဘယဖိစီးနှိပ်စက်ခြင်း၊ ဖိနှိပ်ညှင်းဆဲခြင်းစေသော ဘဝ၏ အနိဌာရုံ များမှ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ လွတ်မြောက် ခြင်းချမ်းသာခံစားရသည့်အခြေအနေဖြစ်သည်။

ပုဂ္ဂလိကရေးကိစ္စအဖြစ်ရော၊ အမျိုးသားရေးကိစ္စအဖြစ်ပါ နားလည် သည့် လွတ်မြောက်ခြင်းချမ်းသာဖြစ်သည်။ ဘုရားသခင်က ထိုလွတ် မြောက်ခြင်းချမ်းသာအကျိုးကိုဖြစ်ပွားစေသည်ဟု ကျမ်းသဘောအရ ခံယူသည်ဖြစ်ရာ၊ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားခြင်းဖြင့် ကယ် တင်ခြင်းချမ်းသာကိုခံစားရရှိသည်ဟုယုံကြည်သည်။

ခရစ်ယာန်တို့အနေနှင့် ဘုရားသခင်သည် ယေရှုခရစ်တော်၏ ဘဝနှင့် သွန်သင်မှုဆုံးမသြဝါဒတို့အားဖြင့် မိမိ၏ကယ်တင်ခြင်းကိုလက်တွေ့ လူ့ဘဝအတွင်းဖြစ်ပွားစေသည်ဟု ယုံကြည်ခံစားကြရသည့်အလျောက်၊ ယေရှုခရစ်တော်အပေါ်ယုံကြည်ခြင်းက ကယ်တင်ခြင်းအကျိုးချမ်းသာ ကိုဖြစ်ပွားစေသည်ဟုယုံကြည် ခံယူထားကြသည်။ ယေရှုခရစ်တော်၏ဘဝနှင့်သွန်သင်ချက် အဆုံးအမတို့အတွင်း ပကတိ ရုပ်လုံးပေါ်လာသောဘုရားသခင်၏ကယ်တင်ခြင်းအကြောင်းတရား အပေါ်ယုံကြည်စွာပါဝင်လျက် လိုက်နာကျင့်ကြံအသက်ရှင်ခြင်းဖြင့် ထိုကယ်တင်ခြင်း အကျိုး တရားကိုခံစားရရှိခြင်းဖြစ်သည်။

ကယ်တင်ခြင်းသည်လက်ရှိပကတိဘဝအတွင်းခံစားရရှိသော ငြိမ်းချမ်း ခြင်း၊ ငြိမ်းအေးခြင်းအတွေ့အကြုံသာမက၊ တမလွန်၏ထာဝရငြိမ်း အေးခြင်းဆိုင်ရာမြော်လင့်ချက်လည်းဖြစ်သည်။ ခရစ်ယာန်အသုံးအနှုံးအရ “ထာဝရအသက်” ဟုခေါ်ပါသည်။